မြန်မာ့သစ်ခွပန်းတွေကို ကိုယ်စားပြုရည်ညွှန်းပြီး သင်္ကေတပြုထားတဲ့ "Burmese Orchid Organization" ရဲ့ (၃) နှစ်ပြည့်နှစ်ပတ်လည်နေ့
အရင်ဆုံး Burmese Orchid အကြောင်းမပြောခင် စာအဆုံးမှာ စိတ်ဝင်စားစရာအစီအစဥ်တစ်ခုပါနေတာဖြစ်လို့ အဆုံးထိလေး ဖတ်ပေးဖို့ တောင်းဆိုချင်ပါတယ်နော်....
Burmese Orchid Organization (မြန်မာ့သစ်ခွအဖွဲ့အစည်း) ဆိုတာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးနှင့် တိုးတက်ရေးကဏ္ဍတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်ကြဖို့ စိတ်အားထက်သန်တဲ့ လူငယ်များဖြင့်ဖွဲ့စည်းထားသော Nonprofit Environmental အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ။
စတင်တည်ထောင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အနာဂတ်မျိုးဆက်သစ်အားလုံး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ၊ မျိုးသုဥ်းပျောက်ကွယ်လုနီးပါး တိရစ္ဆာန်လေးများအားကာကွယ်စောင့်ရှောက်ရန် ၊ တောရိုင်းတိရစ္ဆာန်များတရားမဝင်ရောင်းဝယ်ဖောက်ကားမှုကို တားဆီးရန်နှင့် သာယာစိုပြေသော သဘာဝပတ်ဝန်းကျင်ကို ပိုင်ဆိုင်ရရှိနိုင်ကြစေဖို့ပဲ ဖြစ်ပါတယ်။ ယခုလို ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေဖြစ်မြောက်ဖို့ စိတ်တူကိုယ်တူလူငယ်လေးတွေစုပြီး တစ်မိုးတည်းအောက်မှာ ပျံသန်းခဲ့ကြတာ အခုဆို (၃) နှစ်တိတိတောင်ကြာမြင့်ခဲ့ပါပြီ
အဲ့ဒီအတွက်လည်း စိတ်တူကိုယ်တူပျံသန်းပေးခဲ့ကြတဲ့ Burmese Orchind အဖွဲ့ဝင်/ဟောင်းတွေအတွက် ကျေးဇူးအထူးတင်ရှိရင်း အမှတ်ရစရာအစီအစဥ်လေးတစ်ခုပုံဖော်ဖန်တီးထားပါသေးတယ်နော်...
၂၀၂၂ ကနေစပြီး ၂၀၂၅ အခုလက်ရှိအချိန်အထိ Volunteer များဖြစ်ခဲ့ဖူးသူ/လက်ရှိတာဝန်ထမ်းဆောင်နေသူ မည်သူမဆို ဒီအစီအစဥ်ထဲ ပါဝင်နိုင်မှာပါ
အစီအစဥ်ထဲ ဘယ်လိုပါဝင်ရမယ့်လမ်းညွှန်ချက်လေးတွေကတော့...
◾️အမှတ်ရဆုံးအခိုက်အတန့် ၊
◾️အပျော်ရွှင်ရဆုံးအခိုက်အတန့် ၊
◾️ထူးထူးခြားခြားနဲ့ မေ့မရတဲ့ အခိုက်တန့်တွေကို
မိမိ Facebook acc မှာ Post အဖြစ်နဲ့ရေးတင်ပြီး "#BurmeseOrchidTriennial" Hashtag လေးနဲ့အတူ (၃) နှစ်ပြည့်နေ့လေးကို ပါ၀င်ခံစားလို့ရမှာပဲဖြစ်ပါတယ်
ဒီနေရာမှာ တင်ထားတဲ့ Post ကို Screenshot ရိုက်ပြီး အခု Post အောက်လေးမှာ Comment မန့်ပေးဖို့လည်း သတိလေးပေးပါရစေနော်...
ဘာလို့လည်းဆိုတော့ မန့်ထားသူတွေထဲကနေ Comment Picker နဲ့ (၃) ယောက်ရွေးပြီး ရင်ခုန်စရာ ဆုမဲအစီအစဉ်တွေ စီစဉ်ပေးထားတာကြောင့်ပါ ခင်ဗျာ
ဆုတွေကတော့...
◾️မြန်မာ့သစ်ခွရဲ့ ကိုယ်စားပြုသင်္ကေတ "သစ်ခွပန်း"
◾️သနပ်ခါး Painting (၂) ခု - ဆင်
◾️သနပ်ခါး Painting (၂) ခု - မျောက် တို့ကို Comment Picker ပေါက်မဲအလိုက် ၈.၆.၂၀၂၅ (တနင်္ဂနွေနေ့) မှာ Gathering Section လုပ်ပြီး ရွေးချယ်ပေးသွားပါမယ်နော်
ဒါကြောင့် Burmese Orchid Organization ရဲ့ အဖွဲ့ဝင်ဟောင်းတွေရော၊ အသစ်တွေပါ လာမယ့် Sunday မှာကျင်းပမယ့် "Gathering Section of Burmese Orchid Organization 3 Years Anniversary" ကို အမှတ်ရစရာ Post လေးတစ်ခုရေးတင်ပြီး တက်ရောက်ပေးကြဖို့ နွေးထွေးစွာဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ
Content by - Thit Khit Marn
Graphic by - Beta
#BurmeseOrchid #မြန်မာ့သစ်ခွအဖွဲ့အစည်း
#၃နှစ်ပြည့်အခမ်းအနား #Volunteer #BurmeseOrchidTriennial