Skip to Content

International Day for Biological Diversity 🌿

[English Version Below]

International Day for Biological Diversity

“Biodiversity” (ခေါ်) ‘“ဇီဝအမျိုးအစား” ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို သိကြသလား?

ဇီဝအမျိုးအစားဆိုတဲ့ စကားလုံးထဲမှာ အပင်တွေ၊ တိရစ္ဆာန်တွေ၊ သေးငယ်တဲ့ပိုးမွှားလေးတွေနဲ့ ပင်လယ်တွေ အစရှိတာ‌တွေအပြင် ဂေဟစနစ်အမျိုးအစားတွေ၊ မျိုးစိတ်အမျိုးအစားတွေနဲ့ မျိုးရိုးဗီဇအမျိုးအစားတွေ ပါဝင်ပါတယ်။ အဲ့ဇီဝအမျိုးအစားတွေရဲ့ အရေးပါပုံတွေနဲ့ ကာကွယ်သင့်တဲ့အကြောင်း လူထုကို သတိရှိနေစေဖို့ ၁၉၉၂ ခုနစ်မှ စပြီး နှစ်တိုင်း မေလ ၂၂ ရက်နေ့ကို “International Day for Biological Diversity” နေ့အဖြစ် United Nations ကနေ သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်

အခုဆိုရင် လူတွေရဲ့ လုပ်ရပ်တွေကြောင့် ဇီဝအမျိုးအစားတွေ တဖြည်းဖြည်းဆုံးရှုံးနေပါပြီ။ သစ်တောတွေ ပြုန်းတီးတယ်၊ မျိုးစိတ်တွေ မျိုးတုန်းကုန်တယ်၊ ညစ်ညမ်းမှုအမျိုးမျိုးတွေက ဂေဟစနစ်ကို ထိခိုက်စေတယ်၊ အဲ့တာတွေကို ပြန်လည်ထိန်းသိမ်းကာကွယ်ဖို့ လူထုကနေ လုပ်ငန်းစဥ်‌တွေမှာ ပါဝင်လုပ်ဆောင်ဖို့အတွက် ဒီနေ့လေး ဖြစ်တည်လာတာပဲ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း “International Day for Biological Diversity” အတွက် တိကျတဲ့ရည်ရွယ်ချက်ဖြစ်အောင် ခေါင်းစဉ်တစ်ခုစီ သတ်မှတ်လေ့ရှိပါတယ်။ ဒီနှစ်အတွက် ခေါင်းစဉ်ကိုတော့ “Harmony with nature and sustainable development” လို့ပေးထားပြီး သဘာဝတရားကြီးနဲ့ မျှတညီညွတ်တဲ့ဘဝကို တည်ဆောက်ပြီး နောင်လာနောင်သားတွေအတွက် ထိခိုက်မှုမရှိတဲ့တိုးတက်မှုဖြစ်စေရန် ရည်ရွယ်ပြီး Sustainable Development Goals (SDGs) နဲ့လည်း ချိတ်ဆက်ထားပါသေးတယ်

ဒီနေ့လိုနေ့မျိုးမှာ သစ်ပင်စိုက်ပျိုးတဲ့ Campaigns တွေ၊ ဇီဝအမျိုးအစားတွေကို ထိန်းသိမ်းသင့်ကြောင်း ပညာပေးတဲ့ Events တွေ ပြုလုပ်လေ့ရှိသလို မျိုးတုန်း‌မယ့်အန္တရာယ်ရှိတဲ့ မျိုးစိတ်တွေကို ကာကွယ်ဖို့နဲ့ သဘာဝတရားကြီးကို ထိန်းသိမ်းဖို့ ဟောပြောပွဲတွေပါ လုပ်လေ့ရှိပါတယ်။

Orchies လေးတို့အနေနဲ့ ဒီနေ့မှာ ဘာတွေ လုပ်လို့ရနိုင်မလဲဆိုရင် ကိုယ်တတ်နိုင်သလောက် သစ်ပင်လေးတွေ စိုက်တာတို့၊ Biodiversity ရဲ့ အရေးပါပုံတွေကို ဖတ်ပြီး လူတိုင်းသိအောင် မျှဝေတာတို့၊ Biodiversity နဲ့ပတ်သတ်တဲ့ Campaigns တွေ၊ Events တွေကို တက်ရောက်တာတို့ လုပ်ဆောင်နိုင်ပါတယ်နော်

သဘာဝတရားကြီးကို ကာကွယ်ဖို့က လူတိုင်းရဲ့ တာဝန်ပါပဲ။ ရေစက်တစ်စက်က သေးငယ်ပေမယ့် ရေစက်တွေအကုန်ပေါင်းလိုက်မယ်‌ဆိုရင် သမုဒ္ဒရာကြီး ဖြစ်လာနိုင်သလို ဘဘာဝကြီးကို ကာကွယ်ဖို့ မိမိတတ်နိုင်တဲ့ အပြုအမှုသေးသေးလေးကစလုပ်ပြီး ကမ္ဘာကြီးကို ကာကွယ်လိုက်ကြရအောင်

[English Version]

International Day for Biological Diversity

Do you know what “Biodiversity” means?

The term “biodiversity” includes not only plants, animals, tiny insects, and marine life, but also types of ecosystems, species, and genetic diversity. The United Nations has designated May 22 of every year as the “International Day for Biological Diversity” since 1992 to raise public awareness about the importance of biodiversity and the urgent need to protect it.

This special day was established to raise awareness about the rapid loss of biodiversity caused by human activities. Forests are being destroyed, species are going extinct, and various types of pollution are harming ecosystems. The day reminds us to take action and protect nature

Every year, a specific theme is chosen to give clear purpose to the “International Day for Biological Diversity.” This year’s theme is “Harmony with nature and sustainable development,” which aims to build a life that is balanced with nature, promoting development that does not harm future generations. And it is also linked to the Sustainable Development Goals (SDGs).

On this day, people around the world take part in tree-planting campaigns, awareness events about the importance of protecting biodiversity, and talks or presentations focused on protecting endangered species and preserving nature.

Protecting nature is the responsibility of everyone. Even though a single drop of water is small, if all the drops come together, they can form a vast ocean. In the same way, we should start with small actions we can do to protect biodiversity and work together to preserve our planet

Content by - Juni

Graphic by - Ivan

Share this post
Archive
‘ညောင်ရွက်လေးတွေ ဘာကြောင့်လိပ်’❓